Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပပြုလုပ်





MNP   -   ဇန်နဝါရီ  ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄  ရက် နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေး ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  မောင်တော ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ အ စည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


 အဆိုပါ ကလေး ပြိုင်ပွဲ များအား  ကလေး များ၏ ကာယ ၊ ဉာဏဖွံ့ဖြိုးမှုအတွက် မိဘများအလေးထား စနစ် တကျ ပြုစု စောင့် ရှောက်တတ်စေရန် ၊ ဘဝ ရှေ့ဆောင် ရက် ၁၀၀၀ ကာလအတွင်း ကလေးများ၏ ဘက်စုံဖွံ့ ဖြိုးတိုး တက်ရေးကို အလေးပေး ဆောင်ရွက် တတ် စေရန်  နှင့် ကလေးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ရပ်ရွာ အတွင်းရှိ မိဘများက မိမိရင်သွေးအား တန်ဖိုးထား စောင့်ရှောက် စေ ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပြီး လာ ရောက် ယှဉ် ပြိုင်သည့် ကလေးများနှင့် မိခင်များအား မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး  ၊ ခရိုင် လူမှု ဝန်ထမ်းရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်သူနိုင် ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ၊ ခရိုင်အမျိုး သမီး ရေး ရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် တာဝန် ရှိသူများက  အာ ဟာဖြည့် စွက် စာ အဖြစ် ကြက်ဉ ၊ ကွေကာ ၊ အိုဗာတင်း ၊ ပဲနို့ ၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ ပေး အပ် ခဲ့ကြသည်။ 


ပြိုင်ပွဲများတွင် အသက် ၆ လအောက် ၊ အသက် ၆ လမှ ၁ နှစ် ၊ ၁ နှစ် မှ ၂ နှစ် အရွယ်များအား အသက်အရွယ် (၃)ပိုင်းခွဲကာ ၊ အသက် အပိုင်း အခြားအလိုက် ပထမ ၊ ဒုတိယ ၊တတိယ ဆု များ ရွေးချယ်၍ ၂၀၂၃ ခုနှစ် ၊ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်သွား မည်ပြီး ကလေးပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်သူ(၁၀၀)ဦးခန့်  ရှိကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment