MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နေ့လည် ၁ နာရိအချိန်က အောင် တပ်ရပ်ကွက် (အ.ထ.က-၂ ) ကျောင်း ဂေါ်သဇင်အဆောင် စာသင်ဆောင်ရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွယ်မြင့် မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း နှင့် ကျောင်းသူ/ကျောင်းသားများ ဘက်စုံထူးချွန်ရန်အတွက် မိမိတို့ကျောင်းမှ ဆရာ/ဆရာမ များ တို့မှ ကြိုးစားအားထုတ်မှု၊ စည်းကမ်းတကျလုပ်ဆောင်နိုင်မှု တို့ကြောင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်း သူ များပေါ်ထွက်လာခြင်းဖြစ်ပြီး ယခုပိုမို၍ ဆက်လက်ကြိုးစားကြရန်တို့ကို ပြောကြား ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အ-ထ-က-၂ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်၊၊
၂၀၂၂-၂၀၂၃ပညာသင်နှစ် တွင် အတန်းအလိုက် ပထမဆု၊ဒုတိယဆု ၊ တတိယဆုရရှိသူများ၊ အမျိုး သားအောင်ပွဲနေ့တွင် ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် ဆုများအသီးသီးရရှိ သော ကျောင်း သား /ကျောင်း သူများကိုတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်၍ တေးသရုပ် ဖော် အကများဖြင့် ကျောင်းသား/ကျောင်းသူများက ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost





No comments:
Post a Comment