Pages

Pages

မင်းကင်းမြို့တွင် စာဖတ်ဝိုင်း ပြုလုပ်



MNP  -   ဇန်နဝါရီ ၂၈

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို  ယမန်နေ့ညနေ (၁) နာရီက စာရေးဆရာခင်မောင်တိုး(မိုးမိတ်) ရေးသားသည့် "အောင်မြင်ရေးလောင်စာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စာရေးဆရာ မောင်မောင်မြင့်သဏ်း(မင်းကင်း)က အမှာစကားပြောကြားပြီး မင်းကင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မို့မို့က "အသက် ၄၀ မှာ ဘဝစတယ် ဆိုစကားရဲ့ သက်သေအထောက်အထားများ"၊ ဆရာဦးမျိုးမင်းအောင်က "ဒုက္ခဆိုတာ ဘဝအတွက် ဓားသွေးကျောက်"  ဆရာကြီးဦးသန်းငွေက "အောင်မြင်ဖို့ သော့ ၇ ချောင်း"၊ ဆရာကြီးဦး‌သန်းအောင်က "အရင်းအနှီးနည်းနည်း အမြတ်များများ"၊ ဦးခင်မောင်ဝင်းက " မအောင်မြင်မယ့်အကြောင်း ခေါင်းထဲလုံးဝမထည့်ပါနဲ့"၊ ဦးအောင်ဝင်းက "တစ်နေ့ တစ်နာရီ"၊ စာရေးဆရာ‌ကျော်သိန်းဆွေ(မင်းကင်း)က "အောင်မြင်ရေးလောင်စာ"၊  စာရေးဆရာဦးတင်မောင်သိန်း (ပွင့်လျက်)က "သင့်ဘဝရိုးစင်းပါစေ" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူအသင်းများက စာအုပ်ပါ အကြောင်းအရာများအား ခေါင်းစဉ်ခွဲများအလိုက် အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့ကြ သည်။


အဆိုပါ စာဖတ်ဝိုင်းသို့ မင်းကင်းမြို့နယ်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။‌


ဇလပ်ဖြူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment