Pages

Pages

ကျိုက်ထိုမြို့နယ်၌ရာသီပေါ်မုန် လာဥစိုက်တောင်သူများမိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ




MNP  -   ဇန်နဝါရီ ၂၃

     မွန်ပြည်နယ်၊  ကျိုက်ထိုမြို့နယ်တွင်ရာသီပေါ်မုန်လာဥစိုက်တောင်သူများ  မိသားစုစားဝတ်နေရေး  အဆင်ပြေလျှက်ရှိ ကြောင်းသိရသည်။


       အဆိုပါမုန်လာဥစိုက်တောင်သူများသည် ရာသီအလိုက်   မိမိအိမ်ခြံမြေအတွင်း၌  သီးပင်၊စားပင်များအား စားသုံးသူများဘေးအန္တရာယ်မဖြစ်‌စေရန်သဘာဝ‌မြေဩဇာဖြစ်သည့်နွားချေးနှင့်မြေဆွေးများရော‌ နှောကာစိုက်ပျိုးခြင်း  ဖြစ်ကြောင်းယခုစိုက်ပျိုးထားသည့်  မုန်လာဥများကို ‌နိုဝင်ဘာလတွင်မုန်လာဥမျိုးစေ့များပျိုးထောင်၍ (၁၅)ရက်သားပြည့်လျှင် အကျယ်(၂)တောင့် တထွာခန့်မြောင်းတူးပြီးသဘာဝမြေဩဇာနှင့်အတူ  ပိုးမွှားများ    မကျရောက်စေရန် မြေခံဆေး‌အား သဘာဝမြေဩဇာနှင့်ရော ထည့်၍(၃)ရက်ကြာထားရှိပြီးမှရှင်သန်နိုင်သည့်ပျိုးပင်များအားရွေးထုတ်ကာတူးဖေါ်ထားသည့်မြေကျင်း၌စိုက်ပျိုးပြီးအချိန်(၂)လကြာစောင့်ဆိုင်း၍ယခုစိုက်ပျိုးထားသည့် အပင်များအားပြန်လည်တူးဖေါ်ရောင်းချရ၍ တစ်‌နေ့လျှင်ငွေကျပ်(၂၀၀၀၀)ကျပ်ထိ ရရှိ၍မိသားစုစားဝတ်နေရေးအဆင်ပြေ လျှက်ရှိကြောင်းကျိုက်ထိုမြို့တောင်သူစု  ရပ် ကွက် နေတောင်သူဦးသန်းဌေးပြောကြား ချက်အရသိရသည်။


 ဝင်းမောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment