မအီချောင်းစက်တော်ရာအနီးရှိ " မအီဂျိုင် " အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ယခင်နှစ်ထက်များပြားလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီချောင်းစက်တော်ရာအနီးရှိ " မအီဂျိုင် " အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ယခင်နှစ်ထက်များပြားလာ




















MNP  -  ဇန်နဝါရီ    ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် (၁၇)မိုင်ကွာဝေးသည့် မအီချောင်းစက်တော်ရာအနီးရှိ " မအီဂျိုင် " အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများမှာ ယခင်နှစ်ကထက် များပြာလာသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။


မအီဂျိုင် အပန်းဖြေစခန်းမှာ မအီချောင်း အောက်စက်တော်ရာမှ (၃)ဖာလုံခန့်အကွာတွင်တည်ရှိပြီး ၎င်းအပန်းဖြေစခန်းကို ၂၀၂၁- ခုနှစ်၊ ဒီဇင်ဘာ (၁၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူ ၆ ဦးတည်းခိုနိုင်သည့် ဘန်ဂလို ၅ လုံးနှင့် သမန် ၃ လုံး၊ စုစုပေါင်း ၈ လုံးဖြင့် ယခင်နှစ်ကအတိုင်း ဖွင်လှစ်ထားသော်လည်း ယခုနှစ်တွင် အနားယူအပန်းဖြေစရာနေများ၊ ရှုမျှော်ခင်းများကို ငေးမောရင်း ထိုင်စရာနေရာများကို သပ်ရပ်စွာ တိုးချဲ့ပြင်ဆင်ထားပါကြောင်း မအီဂျိုင် အပန်းဖြေစခန်းကို တည်ထောင်သူ ကိုဝင်းဇော်က ပြောကြားသည်။


အပန်းဖြေ စခန်းအမျိုးအစားက Mountainside Resort အမျိုးအစားဖြစ်ပြီး ယခုကဲ့သို့ အများပြည်သူတည်းခိုနိုင်ရန် ဘန်ဂလိုများ၊ တဲ့အိမ်များ  ဆောက်လုပ်ပြီး အပန်းဖြေစခန်းဖွင့်လှစ်ရခြင်းမှာ ကိုယ့်ဒေသကို ဘုရားဖူးလာသူများ စိတ်အေးချမ်းစွာ အဆင်ပြေပြေ တည်းခိုနေထိုင်နိုင်ရန်နှင့် မိမိတို့ဒေသတွင် စိမ်းစိုနေတဲ့ သစ်ပင်ဝါးပင်တွေ၊ တသွင်သွင်စီးကျနေတဲ့ စမ်းချောင်းလေးတွေ၊ မြင့်မားမတ်စောက်တဲ့ တောင်တန်းကြီးတွေနှင့် တိမ်ပင်လယ်တွေ၊ ချမ်းစိမ့်စိမ့် ရာသီဥတုနှင့် သာယာလှပသော ရှုမျှော်ခင်းများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုရှိနေခြင်းကို ရပ်နီးရပ်ဝေးက ခရီးသွားတိုင်းကို သိစေချင်၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။


မအီဂျိုင် အပန်းဖြေစခန်းကို ယခုနှစ်တွင် လာရောက်လည်ပတ်သူများမှာ ယခင်နှစ်ထက်များပြားလာကြောင်း၊ အများအားဖြင့် ရပ်နီးရပ်ဝေးမှ လာရောက်ကြသည့် စက်တော်ရာဘုရားဖူးများနှင့် အဖွဲ့လိုက်ဘုရားဖူးလာကြတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူများဖြစ်ကြောင်း သိရသည်။ " ဗုဒ္စစက်တော်ရာ ဘုရားလည်းဖူး၊ ကုသိုလ်ယူရင်း အနားလာယူလို့ရအောင် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ မအီဂျိုင်ကို ရောက်လာရင်တော့ လှေစီးမလား၊ ရေကူးမလား၊ ငါးစာကျွေးမလား၊ ငါးမျှားမလား၊ ညဖက်ဆိုရင် သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး မီးပုံပွဲလုပ်ပြီး ဂစ်တာတီးကြမလား နှစ်သက်ရာကို လွတ်လပ်စွာလုပ်လို့ရပါတယ်။ လာရောက်လည်ပတ်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် ထမင်းဟင်းချက်စားမည်ဆိုပါကလည်း အိုးခွက်ပန်းကန်များကို အစစအဆင်ပြေအောင် စီစဉ်ပေးထားပြီး လုံခြုံရေးကိုလည်း တာဝန်ယူပေးထားပါ၍ မအီချောင်း စက်တော်ရာကို ဖူးမျှော်ရင်း ချမ်းစိမ့်စိမ့်ရာသီဥတုနှင့် လှပတဲ့မြင်ကွင်းတွေကို မြင်ဖူးချင်ရင်တော့ " မအီဂျိုင် " ကို အရောက်လှမ်းခဲ့ဖို့ ပြောချင်ပါကြောင်းနှင့် " ဂျိုင် " ဟူသည့် ရခိုင်ဝေါဟာရမှာ " လျှိုမြောင်တောင်ကြား " ကိုဆိုလိုခြင်း ဖြစ်ကြောင်း အဆိုပါကိုဝင်းဇော်က ဆက်လက်ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)