Pages

Pages

ကျိန္တလီမြို့တွင် မွေးကင်းစကလေးမှ အသက်(၁)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ



MNP  -  ဇန်နဝါရီ ၂

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂ ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်က ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 


    ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက် (၃)ရပ်ကွက်မှ မွေးကင်းစမှ အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သောဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေထိုးဆေးနှင့် ပိုလီယိုကာကွယ်ဆေးရည်ကိုပါ တိုက်ကျွေးခြင်း၊ ဝက်သက်၊ ဂျိုက်သိုး၊ BCG စသောကာကွယ်ဆေးတို့ကို  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment