Pages

Pages

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားခြင်းအား ကွင်းဆင်း ကြည့်ရှု




MNP  -  ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ကဘက်ရဲမြို့တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်ကြည့်ရှုကြသည်။


ကွင်းဆင်းကြည့်ရှုရာတွင် ကွင်းအမှတ်(၅၈)၊  ဦးပိုင်အမှတ်(၅၀)၊ တောင်သူ ဦးကိုလတ်၏ လယ်မြေဧက (၂)ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာစံပြစိုက်ပျိုးထားခြင်း၊ ယူရီးယား (ဓာတ်မြေဩဇာ)ဖျော်စပ်၊ ကျွေးခြင်း၊ ရေပေးခြင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြည့်ရှုကြကြောင်းနှင့် ဆောင်းနေကြာ ဖြစ်ထွန်းအောင်မြင်ရေး၊ အထွက်နှုန်းကောင်းစေရေးနှင့် ပိုးမကျရေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က  တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြားပြီး လိုအပ်ချက်များ ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment