Pages

Pages

ကုလားပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများက ဈေးကောင်းရရန်မျှော်လင့်




MNP   -   ဇန်နဝါရီ  ၁၅

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့်  ကုလားပဲပင်များမှာအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းခြွေလှေ့ရောင်းချရမည်ဖြစ်၍ ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။


ယခုနှစ်အတွက် ကုလားပဲဧက(၁၃၂၂၂)ကိုစိုက်ပျိုးရန် လျှာထားဆောင်ရွက်ခဲ့ရာ(၁၄၁၂၅) ဧက ထိ စိုက်ပျိုးနိုင်ခဲ့ရာ ဒေသခံတောင်သူများအနေဖြင့်ပဲစိုက်ဧက(၉၀၃)ကို   ပိုမိုစိုက်ပျိုးနိုင်ခဲ့ ကြောင်းနှင့်  အဓိကအားဖြင့် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး   အထွက်နှုန်းပိုမိုကောင်းမွန်သည့်


ရေဆင်း(၈)နှင့် ရေဆင်း(၁၁)မျိုးကိုရွေးချယ်စိုက်ပျိုးကြကြောင်းနှင့် မြို့နယ်အနေဖြင့် ယမန်နှစ် စိုက်ပျိုးရာသီတွင်လည်း ကုလားပဲဧက(၁၄၃၁၈)ကို  စိုက်ပျိုးခဲ့ရာအထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ကုလားပဲစိုက်ပျိုးရာတွင်  မျိုးစေ့/ထွန်ရှင်းခနှင့် ဆေးဖိုးအပါအဝင် ငွေကျပ်(၃)သိန်းကျော် ကုန်ကျမှုကြောင်း၊  ယမန်နှစ်စိုက်ပျိုးခဲ့စဉ်က  (၁)ဧကလျှင်(၁၉)တင်းနီးပါးထွက်ရှိခဲ့ပြီး  ဝယ်ယူသည့်ဈေးနှုန်းသင့်တင့်သည့်အတွက် အမြတ်ငွေရရှိခဲ့ကြောင်း၊  ကုလားပဲစိုက်တောင်သူများထံမှသိရသည်။


အောင်စိုးဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment