Pages

Pages

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် နဝမအစည်းအဝးကျင်းပ



MNP  -   ဇန်နဝါရီလ ၁၉

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် နဝမအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ(ကံမဆရာတော်)က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ(ရွှေဘိုဆရာတော်)က ဆောင်ရွက်သည်။


အစည်းအဝေးကို “သာသနဿစလောကဿ”အစချီသော ဂါထာကို ၃ ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ(ကံမဆရာတော်)က သြဝါဒဂါထာမြွက်ကြားသည်။


ထို့နောက်အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ်အဋ္ဌမအစည်းအဝေးမှတ်တမ်း(ဒု-ပဉ္စ ၈/၂၀၂၂)ကို ဖတ်ကြားအတည်ပြုကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)ဆရာတော် ၁၅ ပါးတက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊  အမှုထမ်းများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment