Pages

Pages

ရသေ့တောင်မြို့ရှိ ဌာနဆိုင်ရာအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး စစ်ဆေးအကြံပေး





MNP  -    ဇန်နဝါရီ ၂၃

      ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နေ့လည် ၃ နာရီကရသေ့တောင်မြို့‌၊အ‌ရှေ့မြောက်ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံးတွင် ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်တင်ဇာဦးနှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက အကြံပြုစစ်ဆေးခဲ့ပါသည်။


ထိုသို့ စစ်ဆေးအကြံပေးရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကမြို့နယ် ပြန်/ဆက်ရုံးတွင်‌ဟောပြောပွဲကျင်းပရာ အများပြည်သူတို့အနေဖြင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အ တွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  လျှပ်စစ်မီးအသုံးပြုသူ မိဘ ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ် များရှိ လျှပ် စစ် ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက် ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲ လှယ်တပ်ဆင် အသုံး ပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေ ဖြင့် မီး ကြွင်း၊ မီးကျန် များကို စနစ် တကျ မီးငြိမ်းသတ်စေရန် နှင့် နေအိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီး သတ် ရေပုံ များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း စသည့်တို့အား မြို့နယ်ပြန်/ဆက်နှင့်ပူးပေါင်း၍အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီးယခုလို‌ ဟောပြောပွဲလုပ်ငန်းအများကိုလညအများပြည်သူတိုအသိပညာဗဟုသုတရရှိရန်ဆက်လက်ပူး‌ ပေါင်းဆောင်ရွက်သွားကြမည်ဖြစ်‌ကြောင်းဆွေး‌‌နွေးဟောပြောခဲ့ပါသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment