Pages

Pages

ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ






MNP  -  ဇန်နဝါရီ ၆

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃  ခုနှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့မွန်းလွဲ ၁၁နာရီ အချိန်က အဆိုပါကျောင်းရှေ့ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


    ရှေ့ဦးစွာ အ.ထ.က ကျောင်းမှ G-10 နှင့် G-11 ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာရည်ဒို့လှမ်းချီ” သီချင်းဖြင့်အခမ်းအနားဖွင့်လှစ်၍ အ.ထ.က ကျိန္တလီ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က အဖွင့်မှာစကားပြောကြားပြီး ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဉာဏ်လင်းက အမှာစကားပြောကြားခဲ့သည်။ 


ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့်လည်းကောင်း၊ ရခိုင့်ရိုးရာ ယဉ်ကျေးမှုအကနှင့် ခေတ်ပေါ်တေးသီချင်းအကများဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပြီး ၂၀၂၁-၂၀၂၂ခုနစ် ပညာသင်နှစ်တွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment