Pages

Pages

ကျိုက်ထိုမြို့နယ် ၌ ကျောင်းကျန်းမာရေးမျက်စိ (အခမဲ့) စမ်းသပ်‌ပေး




MNP - ဇန်နဝါရီ ၁၁

   မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျောင်းကျန်းမာရေး အစီအစဉ်အရ မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် (GOOD VISION GLASSES) ကုမ္ပဏီ လီမိတက်တို့ပူးပေါင်း၍ ဇန်နဝါရီ ၁၁ ရက်နံနက်၈နာရီ ခွဲတွင် ကျိုက်ထိုမြို့နယ်အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ တွင်မျက်စိ စမ်းသပ်ပေးပြီးမျက်မှန်လိုအပ် သူများကိုအခမဲ့လှူဒါန်းပေးခဲ့သည်။


      ယင်းသို့ မျက်စိစမ်းသပ် ပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျန်းမာ ရေးမှူးအဆင့်(၁) ဦးထွန်းညီညီနှင့်ကျန်းမာ ရေးဝန်ထမ်းများ က ရွှေမျက်မှန်ပရဟိတအသင်းဥက္ကဌ ဦးကောင်းစံ ဦးဆောင်သော မျက်စိကျွမ်းကျင်သူ ပညာရှင်များနှင့်ပူးပေါင်းကာ ပညာရေးဌာနမှ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများအားမျက်စိရောဂါနှင့်ပတ်သက်၍ ခေတ်မီ ကိရိယာ များနှင့် စမ်းသပ်စစ်ဆေးပေး ခဲ့ရာ စုစုပေါင်း (၅၅၀)ဦးကိုစစ်ဆေးပေးနိုင်ခဲ့ပြီးမျက်မှန်လိုအပ်သူများအား(One Dollar Glasses)မျက်မှန်များကို အခမဲ့ ပေးအပ် လှူဒါန်းပေးခဲ့သည်။


      အဆိုပါ မျက်စိ စမ်းသပ် စစ်‌ဆေးလှူဒါန်း မှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုး နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများလာရောက်ကြည့်ရှူအားပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment