Pages

Pages

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာ




MNP ၊ ဇန်နဝါရီ  ၂၁

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meetingသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်း ဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ထိုင်းနိုင်ငံသို့ပြန်လည် ထွက်ခွာသွားကြသည်။


အဆိုပါ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်မှ (ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။


ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်နှင့် ခြောက်ထပ်ကြီး ဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment