Pages

Pages

ယခုနှစ် ရေဖြူဒေသ၌ ရာဘာရာသီတွင် မနှစ်ကထက် စျေးကောင်းရရှိ





MNP  -  ဇန်နဝါရီ ၁၇

ရာသီဖွင့်စတွင် ရေဖြူဒေသ၌ ရာဘာအစေးပြားစျေးမှာ မနှစ်ကရာသီစထက် စျေးပိုကောင်းနေကြောင်း ရာဘာတောင်သူများထံက သိရသည်။


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ရာဘာအစေးပြား တစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့်စခဲ့ရာ ယခုနှစ်တွင် ၁၃၅၀/၁၃၀၀ကျပ် စျေးပေါက်နေကြောင်း သိရသည်။


ရာဘာပင်ကို ရေဖြူဒေသတွင် အများဆုံး စိုက်ပျိုးကြပြီး ဒုတိယနှစ်ရှည်သီးနှံပင်အဖြစ် ကွမ်းသီးပင်ကို စိုက်ပျိုးကြသည်။ မနှစ်က ရာသီအစတွင် တစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့် စျေးဖွင့်ခဲ့ပြီး ရာသီအကုန်တွင် တစ်ပေါင်လျှင် ၁၃၅၀ကျပ်ဖြင့် ရရှိခဲ့သည်။ ယခုနှစ်မှာတော့ ပထမရာသီမှာပင် တစ်ပေါင်လျှင် ၁၃၀၀ကျပ်နှုန်း ဖြစ်နေသဖြင့် တဖြည်းဖြည်း စျေးတက်လာနိုင်သေးကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။


ရာဘာလုပ်ငန်းတွင်း ဈေးကောင်းရရှိနေသော်လည်း ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ များပြားသဖြင့် ခြံရှင်များအနေဖြင့် လုပ်သားရှားပါးမှု အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


ခတ္တာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment