Pages

Pages

ငပုတောမြို့၌ နေကြာစိုက်ခင်းနှင့် ပိုက်ဆံလျှော်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ် စိုက်တိုးမြှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှု



MNP  -  ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊  အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့် တာဝန်ရှိသူများသည်  ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဝက်ဆူကျေးရွာအုပ်စု၌   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့်နေကြာစိုက်ခင်းများနှင့် ပုသိမ်-ငပုတောကားလမ်းဘေးရှိ ပိုက်ဆံလျှော် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အားကွင်းဆင်းကြည့်ရှုခဲ့သည်။


ထို့နောက်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ ဌဦးကျော်သူနှင့် တာဝန်ရှိသူများသည် လိပ်ချောင်းကျေးရွာအုပ်စု၊ ပုသိမ်-ငပုတောကားလမ်းဘေးရှိ ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၂)တောင်သူဦးအောင်သူ၏ နေကြာသီးသန့်စိုက်ဧက (၅.၀၀)ဧကအတွင်း၌ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအားကြည့်ရှုပြီး ပန်းတိုင်အထွက် နှုန်းတိုးတက်စေရေး၊ ပိုးမွှားအန္တရာယ်မှကာကွယ်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံပင်များ ဖြစိထွန်းစေရေး မှာကြားခဲ့ကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment