Pages

Pages

ကျောက်ဆည်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ



MNP  -   ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဇော်ဂျီဂေါက်ကွင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိများ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ၊ မြို့မိမြို့ဖများ၊ ဂေါက်သီးရိုက် အားကစားသမားများ  ပိုမိုရင်းနှီးပြီး စည်းလုံးမှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဇန်နဝါရီ(၁)ရက် နံနက်ပိုင်းက ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုင်ပွဲဖွင့်ပွဲအား ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွေးက ဂေါက်သီးရိုက် ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားသမားပေါင်း (၈၀) ဦးခန့် ပါဝင်ခဲ့ပြီး အဖွဲ့လိုက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရရှိပြီး ပြိုင်ပွဲများ အပြီးတွင် အဆိုပါ ဂေါက်ကလပ်တွင် ဆုများဆက်လက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment