အ.လ.က(ခွဲ)လုံယန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် သင်ကြားရေးဆရာမများအား ဂုဏ်ပြုပွဲပြုလုပ် ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အ.လ.က(ခွဲ)လုံယန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် သင်ကြားရေးဆရာမများအား ဂုဏ်ပြုပွဲပြုလုပ် ဆောင်ရွက်




MNP  -   ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊  မိုင်းနောင်မြို့ အခြေခံပညာအလက်တန်းကျောင်း (ခွဲ) လုံယန်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် သင်ကြားရေး ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်မှ မွန်းလွဲ(၁)နာရီ အချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် သင်ကြားရေးဆရာမများ ဂုဏ်ပြုပွဲ အခမ်းအနားသို့  မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) လုံယန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုနှင်းစန္ဒာက ကျောင်း၏ ပညာရေး တိုးတက်မှု အခြေအနေများကို  ရှင်းလင်းပြောကြားကာ အခမ်းအနား တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း စာပေထူးချွန်နှင့် အားကစားထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ခြင်း၊ သင်ကြားရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် တက်ကြွစွာ ကြိုးစားကူညီပေးကြသော ဆရာမများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုနှင်းစန္ဒာမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ပျော်ပျော်ပါးပါး တင်ဆက်ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။


မနန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)