Pages

Pages

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာ၌ အလင်းရောင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်တောင် ကျေးရွာ၌ အလင်းရောင်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က  ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ရွာတော်အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်တူးတို့က စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။


ထို့နောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်းက စာကြည့်တိုက်များရေရှည် တည်တံခိုင်မြဲရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ အလှူရှင် စေတနာရှင်များကသုတ၊ ရသစာအုပ်မျိုးစုံ (၄၅၀) အုပ်၊  စုစုပေါင်းတန်ဖိုး (၇)သိန်းဖိုးခန့် လှူဒါန်းရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ် ခဲ့ကြောင်းသိရသည်။


ကိုရှိုင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment