MNP - ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ (၂ဝ၂၂)ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂ဝ၂၂ မှ ၂၂/၂ဝ၂၂ )အထိ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းရှိ မြို့နယ်ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆုရသင်တန်းသား/သူ(၆၆)ဦးကို ဆုချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် သင်တန်းတွင်ပါဝင်ဆောင်ရွက်ပေးခဲ့သော နည်းပြ(၂၂)ဦးကို တာဝန်ရှိသူများက အသိအမှတ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ပြီး အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးစည်သူဇော်က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာထင်ဇော်စိုးနှင့် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ခရိုင်/မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်တပ်ဖွဲ့မှူးများ၊ အင်းစိန်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ဇင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနေသွေး၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင်(၂)ဦးဘိုကြည်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန့်ဇင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးစည်သူဇော်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်မြတ်မူယာအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost


No comments:
Post a Comment