Pages

Pages

ပေါင်မြို့နယ် အမက ကဒါကမ်းနားမူလွန်ကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်






MNP  -  ဇန်နဝါရီ    ၁၂

မွန်ပြည်နယ်၊‌ပေါင်မြို့နယ် အမက ကဒါကမ်းနားမူလွန်ကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက အမက ကဒါကမ်းနားမူလွန်ကျောင်းဝင်း ၌ ကျင်းပပြုလုပ် ခဲ့သည်။ 


အဆိုပါအခမ်းအနားတွင်အမက‌ မူလွန်ကမ်းနားမူလွန်ကျောင်းမှကျောင်းသား/သူ များကစုံညီပွဲ တော်တို့နွှဲပျော်တေးသီချင်းဖြင့်သီဆိုပြီးတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။


ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဦးကျော်လင်းဦး နှင့်ဒုတိယ မြို့နယ်ပညာရေးမှုးဦးညွှန့်တင်တို့ကအဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ထူးချွန် ဆုရရှိကြသည့်ကျောင်းသား၊ကျောင်းသူများအား ဒုတိယမြို့နယ်ပညာရေးမှုးဦးညွန့်တင်  နှင့်ကျောင်းအကျိုးတော်ဆောင်များ၊ဧည်သည်တော်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


အခမ်းအနားကို ကျောင်းသား/သူတို့က အကပဒေသာများဖြင့်ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment