Pages

Pages

ပန်းတောင်းမြို့နယ်တွင် အရံမီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


MNP   -   ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အရံမီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရက မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းနှင့်တပ်ဖွဲ့ဝင်များကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment