Pages

Pages

ကစားသမားသစ်ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ပြောကြားလာတဲ့ ကလော့ပ်



MNP - ဇန်နဝါရီ   ၁၅


လီဗာပူးလ်အသင်း မန်မေဂျာ ဂျာဂင်ကလော့ပ် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသစ်ခေါ်ယူမလားဆိုတဲ့ မေးခွန်းပြီး နဲ့ ပတ်သက်ပြီး“အဲလို မထင်ပါဘူး၊ ဒါက အခြေအနေအရပဲလေ။လက်ရှိမှာ ကျွန်တော့်အလုပ်ကတော့ အသင်းမှာရှိတဲ့ ကောင်လေးတွေကိုသုံးဖို့ပါ။ ဒီအပြောင်းအရွှေ့မှာဘဲ ပြဿနာအားလုံးကို ပြင်ဆင်လို့မရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။


လီဗာပူးလ်အသင်းဟာ လက်ရှိအတော်လေး ရုန်းကန်နေရပြီး အဓိကကစားသမားကလည်း ခြေစွမ်းပိုင်း အကျပိုင်းရောက်နေပြီး ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေတာဖြစ်ပါတယ်။ဒါ့အပြင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒါဝင်နူးနက်ဇ် ကလည်း အသင်းမှာ အံမဝင်သေးဘဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment