Pages

Pages

အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်း ပ





MNP  - ဇန်နဝါရီ ၁

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊မြန်မာဘုတ်ချောင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်ကျေးရွာတွင်း ကွန်က ရစ်လမ်းသစ်ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီးကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်းဆောင်ရွက်မှုနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူး တင်စကားပြောကြားခဲ့ပြီး ကွန်ကရစ်လမ်းအား ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်အဆင့်ဌာနဆိုင်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ 


အဆိုပါ ကွန်ကရစ်လမ်းအား ၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်(၁၀.၀၀) သန်း၊ပြည်သူထည့်ဝင်ငွေ ကျပ်(၃.၂၀) သန်းဖြင့် ကွန်ကရစ်လမ်းသစ် အတိုင်းအ တာ (၅၅၀ ပေ၊ ၈ ပေ၊ ၆ ပေ)အားဆောင် ရွက်ခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment