Pages

Pages

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ များပူးပေါင်း ပြီးလုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





MNP  -  ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ မှ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအ ဝေး ခန်းမ၌  ယနေ့  နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ အိမ်ထောင်စုလူဦးရေစာရင်းများကို ဌာနဆိုင်ရာများပူးပေါင်း၍ ရာနှုန်းပြည့် ကောက်ခံပြီးစီးမှုအခြေအနေ၊ VMIS စာရင်းရာနှုန်း ပြည့်ပြီးစီး နိုင်ရေးပူး ပေါင်းဆောင်ရွက်ကြရန်  စသည်တို့ကို ပြောကြားခဲ့သည်။ 


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း VMIS စာရင်းရေးသွင်းရေးသွင်းနေမှုအခြေအနေ၊ Booster ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေတို့ကိုပြောကြားခဲ့ပြီး နောက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့ပေါ်ရပ်ကွက်များ ရှိပြည်သူများ အား ယဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ ကို ပြည်သူတို့ သိရှိနိုင် ရန်အတွက် အသိပညာပေးလုပ် ငန်းများ  စဉ်ဆက် မပြတ်လုပ်ဆောင်လျှက်ရှိသည် တို့ကိုပြောကြား ခဲ့သည်။


ခရိုင်လူဝင် မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး မှလည်း အိမ်ထောင်စုစာရင်း တစ်ရာ ရာခိုင်နှုန်း ကောက်ခံ ပြီးစီးမှုအခြေတို့ကို ပြောကြားခဲ့ ပြီးနောက် ခရိုင်အဆင့်ဌာ နဆိုင်ရာများ မှ လည်း မိမိတို့ ဌာ နအ လိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မှ ခရိုင် အဆင့်ဌာန ဆိုင်ရာ များ ၏လုပ်ငန်းများအပေါ် ပေါင်းစပ် ညှိနှိုင်းခဲ့ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment