Pages

Pages

ကျိုက်ထိုမြို့မူလွန် (ဘူတာ)ကျောင်း၌စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများဆောင်ရွက်




MNP   -  ဇန်နဝါရီ ၁၁

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲ နှင့်နံရံကပ်စာစောင် ပြပွဲကို ဇန်နဝါရီ(၁၁) ရက်နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့  အခြေခံပညာ မူလတန်းလွန်ကျောင်း(ဘူတာ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။


    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်သန်းသန်းမော် ကကျောင်းသား၊ကျောင်းသူများ  ကျောင်းစာအပြင် အားလပ်ချိန် များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ရှုခြင်းဖြင့်ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အကျိုး ကျေးဇူးများကိုအသိပညာပေး ဟောပြောခဲ့သည်။


    ထို့နောက် ကျောင်းသား ၊ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက် ရွေးချယ် ဖတ်ရှုထားသည့် စာအုပ်များမှပုံပြော ပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့်ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများ ကို ကျင်းပပေးပြီး ပြိုင်ပွဲဝင်  ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။ 


   ဆက်လက်၍  လူကုန်ကူးမှုကာကွယ်တား ဆီးရေး၊အပြည်ပြည်ဆိုင်ရာ မူးယစ်‌ ဆေး ဝါး အလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွ ရူးသွပ်ဆေးများ ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာလိုက်နာရမည့်စည်းမျဥ်းများ၊သဘာဝဘေး အန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့်နံရံကပ်စာစောင်များ ကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment