Pages

Pages

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး


MNP  -  ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ  ရပ်ကွက်၊ ကျေးရွာများမှ  ပင်စင်စားများအား လူစုလူဝေး မဖြစ်ပေါ်စေရန် နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထုတ်ပေးရာတွင် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင် တစ်ဦးဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင်  မြို့ပြပင်စင် (၆၃၉) ဦး၊ ကာကွယ်ရေး ပင်စင် (၁၄၇) ဦး၊ နိုင်ငံရေးပင်စင်(၉၅)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင် (၉) ဦး  စုစုပေါင်း အငြိမ်းစားဝန်ထမ်း (၈၉၀)ဦး ရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment