MNP - ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.ကရွှေတောင် ရတနာခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူပေါင်းဖွင့်လှစ်သော ကျောင်းအဆင့်ရှေးဦးသူနာပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မျိုးထွဋ်မှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင် ဆရာဦးကျော်ဌေးတို့မှ ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောသင်တန်းသူ/ သားများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းအဆင့်ရှေးဦးသူနာပြုစုခြင်းအခြေခံသင်တန်း(၁/ ၂၀၂၃) သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ(၅၂)ဦးတို့အား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment