Pages

Pages

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ




MNP  -  ဇန်နဝါရီ   ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်(၁)ကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် ဖိတ်ကြားထားသောမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူးဦးမင်းဇော်မှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်(၁)တာဝန်ခံကျောင်းအုပ် ဆရာကြီးဦးကျော်ကျော်နေမှ ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့သည်များကို ပြောကြားခဲ့သည်။


ဆက်လက်ပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။


စည်သူထွန်းလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment