Pages

Pages

ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ပေး




MNP  -   ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်း​ခရိုင်၊ ကမာရွတ်မြို့နယ် ဌာနဆိုင်ရာများမှစုပေါင်း၍ ယ​နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ​မြတ်​လေးရုံ​ကျောင်းလမ်းရှိ မြတ်​လေးရုံဘုန်းကြီး​ကျောင်းနှင့် အမှတ်(၅) ရပ်ကွက်ရှိ အုန်းတောဘုန်း​တော်ကြီးကျောင်း၌  ခြင်အန္တရာယ်မှကင်း​ဝေး​စေ​ရေးအတွက်  ခြင်​ဆေးများမှုတ်ခြင်း ၊ အဘိတ်​ဆေးများခတ်​ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ စု‌ပေါင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်ရန်ကုမြို့​တော်စည်ပင်သာယာ​ရေး ​ကော်မတီ ကျန်းးမာ​ရေးဌာနမှုး၊ ကမာရွတ်ခရိုင် စည်ပင်သာယာ​အုပ်ချုပ်​ရေးမှုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကစုပေါင်း၍ ရပ်ကွက်အတွင်း သန့်ရှင်း လှပ‌စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး အတွက်ရပ်ကွက်ရှိ ရေသိုလှောင်ရာ အုတ်စည်အုတ်ကန်များအတွင်း အဘိတ်ဆေးခပ်ပေးခြင်း၊ အမှိုက် သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအားရှင်းလင်းပေးခြင်း၊ အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများ ဆယ်ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။


စိမ်းလဲ့ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment