Pages

Pages

ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲကျင်းပ


MNP  -   ဇန်နဝါရီ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်အလကကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ​မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်သိကောင်းစရာများနှင့် မှုခင်းကျဆင်းရေးအကြောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိဦးသက်ပိုင်ဖြိုးက မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအကြောင်းအရာများကို ကျောင်းသား/သူများအား ဟောပြောဆွေးနွေးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးအောင်ရဲထိုက်၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်နိုင်ဝင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိဦးသက်ဖြိုးပိုင်နှင့် ဆရာ/ ဆရာမများကျောင်းသား၊ သူများ စုစုပေါင်းအင်အား(၁၄၂)ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment