Pages

Pages

မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ






MNP  -   ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉နာရီက  အဆိုပါကျောင်းရှိ မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က   အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၊  မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးတို့က ပညာရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်    ကျောင်းသား၊ကျောင်းသူလေးများက  "ကြိုဆိုပါသည် ပညာရေးစုံညီပွဲတော်" သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ဆရာ၊ဆရာမများနှင့်  တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊မြို့နယ်အဆင့်တို့တွင် ကာယ၊ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ကျောင်းသူလေးများက အက ၊အလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ၊ဌာနဆိုင်ရာများ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဇာဇာ

https://t.me/MyanmarNationalPost

No comments:

Post a Comment