Pages

Pages

မြောက်ဦးမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ညောင်ပင်ဈေးရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြော




MNP -  ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းခြောက်သွေ့သောပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက ညောင်ပင်ဈေးရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစန်းလွင် နှင့် မီးသတ် တပ်ဖွဲ့ဝင် များက ညောင်ပင်ဈေးရပ်ကွက် အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုမ ဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီး ဌာနမှထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန် ကြားချက်များဖြစ်သည့်  မီးချိတ်၊  မီးကပ်၊ သဲအိတ်နှင့် မီးသတ် ဆေးဗူးစသော မီးဘေးကာကွယ် ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ် စစ်ဝါယာကြိုး များနှင့် ပျက်စီးနေ သောလျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်း သတ် ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ဆောင် ရန်/ရှောင်ရန်အချက် များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြောခဲ့ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment