Pages

Pages

မိုင်းယောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်း စွမ်းရည်ပြိုင်ပွဲများ ကျင်းပ



MNP -  ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်းကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်က စတင်ကျင်းပကြောင်း သိရသည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကာယဗလမောင်၊ လှယဉ်ကျေးမယ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်း၊ ဘတ်စကက်ဘော၊ ထုပ်စည်းတိုးနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment