Pages

Pages

ပဲခူးမြို့တွင် ဘတ္ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား


MNP  -   ဇန်နဝါရီ  ၁၅

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၈)လမ်း၊ အိမ်အမှတ်(၉၈၂)၊ နေအိမ်တွင် ယနေ့ နံနက် ၁၁ နာရီ ၅၀ အချိန်ခန့်က နေအိမ်အောက်ထပ်ရှိ မီးအားမြှင့်စက် (အင်ဗာတာ) မှတဆင့် ဘတ္ထရီ အိုးအားသွင်းရာမှ  အပူလွန်ကဲပြီး  ဘတ္ထရီအိုးပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်တွင် ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၈)လမ်း၊ အိမ်အမှတ်(၉၈၂)၊ နေအိမ်အောက်ထပ်တွင် အိမ်ငှားနေထိုင်သူ ကိုညီညီဇော် (၃၆)နှစ် (ဘ) ဦးအောင်ကျော်သိန်း သည် နေအိမ်အောက်ထပ်ရှိ မီးအားမြှင့်စက် (အင်ဗာတာ)မှတဆင့် ဘတ္ထရီအိုးအားသွင်းရာမှ  အပူလွန်ကဲပြီး  ဘတ္ထရီအိုးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ငြိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ၁၂ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကာ မီးလောင်မှုကြောင့် (အလျား ၄၀ပေ x အနံ ၃၅ ပေ) အုတ်ညှပ်/ပျဉ်ထောင်/ပျဥ်ခင်း/သွပ်မိုး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ် ရာရရှိမှုမရှိကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူအား အမှတ်(၁)နယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment