Pages

Pages

ဟိုမိန်းမြို့ မူလွန်-ပန်သပြေ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ




MNP  -  ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမက မူလွန် -ပန်သပြေ ကျောင်းတွင် ပညာရေးစုံညီပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမက ပန်သပြေကျောင်းမှ ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ကြပါသည်။


ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းဇော်၊ ဟိုမိန်းမြို့သက်သာချောင်ချိရေးအဖွဲ့ (S.S.S)တာဝန်ခံ ဦးကျော်မျိုးလှိုင်၊ ရက်ကွက်-၃(ပန်သပြေ)ဥက္ကဌ ဦးခေးဆင့်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝေဝေမော်တို့က ကျောင်းတိုးတက်ဖွံ့ဖြိုးရေးအတွက် ကျောင်းသား၊ မိဘ၊ ဆရာဆရာမများမှ ပူးပေါင်းဆောင်ရွက်ရေး အသီးသီးဆွေးနွေး အမှာစကား ပြောကြားခဲ့ကြပါသည်။


ဆက်လက်၍ ကာယဉာဏထူးချွန်ဆုရရှိသူ ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက တေးသီချင်းများဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေပေးခဲ့ကြပါသည်။


အဆိုပါအခမ်းအနားကို ရက်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား‌ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖတို့ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment