Pages

Pages

ကလောမြို့အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(လ-၁)ကျောင်း၌ လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်


MNP  -   ဇန်နဝါရီ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲက အခြေခံပညာအထက် တန်းကျောင်း (ခွဲ)(လ-၁) ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ ရရှိစေရေး၊ အားလပ်တဲ့အချိန်မှာ စာအုပ်စာစောင် များဖတ်၍ အချိန်ကိုအကျိုးရှိရှိ အသုံးချတက်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးအကြောင်းနှင့် လူငယ်‎ရေးရာ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ 


ကျော်ဝင်

https://t.me/MyanmarNationalPost

No comments:

Post a Comment