Pages

Pages

မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

 


MNP  -   ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ် ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၁၇၀)အုပ်ကို သယ်ဆောင်ကာ၊ မြန်မာ့စီးပွား‌ ရေးဘဏ်၊ ကော်မရှင်ရုံး၊‌ ကျေးလက်ရုံးများသို့သွားရောက်၍ စာပေချစ်သူ၊စာဖတ် ပရိတ်သတ်များထံသို့  ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်းစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦး ထံမှ သိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment