Pages

Pages

ကျောက်ဖြူမြို့ အထက(ခွဲ)အလက(၂)မြို့မကျောင်း၌ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ







MNP -   ဇန်နဝါရီ  ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် ကျောင်းကောင်စီဖလား  အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။ 


ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ဗန္ဓုလအသင်းနှင့် အလောင်းဘုရား အသင်းတို့ ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြ ပြီး ပထမပိုင်းပွဲချိန် ၄၅ မိနစ်ပြီးဆုံးချိန်အထိ တစ်ဘက် နှစ်ဂိုး- နှစ်ဂိုးစီဖြင့်သရေကျနေခဲ့သည်။ ထို့နောက် ဒုတိယပိုင်းအားဆက်လက်ယှဉ်ပြိုင်ကစားရာ ပွဲချိန် ၆၅ မိနစ်ခန့်တွင် ဗန္ဓုလအသင်းက အလောင်းဘုရားအသင်းကို  အနိုင်ဂိုးသွင်းယူပြီး မိနစ် ၉၀ ပွဲပြီးဆုံးချိန်တွင် ဗန္ဓုလအသင်းမှ အလောင်းဘုရားအသင်းကို  သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဝင်းဇော်မှ ဒုတိယဆုရရှိသည့် အလောင်းဘုရားအသင်းအား ဆုငွေနှစ်သောင်းကျပ်အားလည်းကောင်း၊ အထက(ခွဲ) အလက(၂) မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေသန်းကြည်က ပထမဆုရရှိသည့် ဗန္ဓုလအသင်းအား ဆုငွေသုံး သောင်းကျပ်နှင့် အောင်နိုင်ရေးဒိုင်းဆုအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


အဆိုပါ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့မှစတင် ကျင်းပခြင်းဖြစ်ကာ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့် အသင်းငါးသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ပျော်ရွှင်စွာဖြင့် တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment