Pages

Pages

ဒေးဒရဲမြို့၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ


MNP  -  ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစပါး စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများအား ​ယနေ့နံနက်ပိုင်းတွင် ချေးငွေညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင်၍ တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၁၅)အုပ်စု၊ တောင်သူ(၄၂၁)ဦး၏  စိုက်ပျိုးမြေ(၃၁၉၀)ဧက အတွက် ငွေကျပ် (၄၇၈၅.၀၀)သိန်း ထုတ်ချေးပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု (၃၀)အုပ်စုက တောင်သူ(၃၂၀)ဦး၏ စိုက်ပျိုးမြေ (၄၇၁၁)ဧကအတွက်  ငွေကျပ်(၇၀၆၆.၀၀)သိန်းကို  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment