Pages

Pages

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး


MNP  -   ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။ 


စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် ရွေလျားစာကြည့်တိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာကြည့်တိုက်သွားရန် အချိန်မပေးနိုင်သော စာဖတ်ပရိတ်သတ်များ အဆင်ပြေစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး  သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို တစ်လနှစ်ကြိမ် လာ‌ရောက် ဆောင်ရွက်မည်ဖြစ်ပြီး စာကြည့်တိုက်    အသင်းဝင်ကတ်ပြားကိုလည်း  ‌‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။


ဇော်ဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment