Pages

Pages

ကြံခင်းမြို့ ရှေးဟောင်းသမိုင်းဝင် မဟာသကျမုနိစေတီတော်မြတ်ကြီးတွင် စိန်ဖူးတော်တင် လှူခြင်းအခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပ



MNP  -   ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြို့မရပ်ကွက်အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် မဟာသကျမုနိ စေတီတော်မြတ်ကြီးတွင် စိန်ဖူးတော်တင်လှူခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


သမိုင်းဝင်မဟာသကျမုနိစေတီတော်တွင် တင်လှူပူဇော်မည့်စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာတို့ကို မြို့နေပြည်သူများ ကြည်ညိုသဒ္ဓါပွားများ ပူဇော်နိုင်ရန် တပို့တွဲလဆန်း (၁၀)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လမ်းများသို့ အပူဇော်ခံပြီးနောက် ဆရာတော်ကြီး များဖြင့် မဟာသကျစေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ် လှည့်လည်ပူဇော်ခြင်း၊ နေ့လည်ပိုင်းတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာတို့ကို ထီးတော်ကြီး၏ အထက်သို့ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို သာသနာ့အကျိုးတော်ဆောင်ဦးဝင်းရီဦးစီးသော ‟ဏေဠ” ကုသိုလ်ဖြစ် ထီးတော်တင်အဖွဲ့ဖြင့် မင်္ဂလာဆိုင်းနှင့်အတူ မင်္ဂလာတေးထပ်ရတုများဖြင့် တင်လှူပူဇော်ခြင်း၊ ရွှေမိုးငွေမိုးများ ရွာသွန်းကာ ဘုရားဖူးပြည်သူများဖြင့် စည်းကား သိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။


အဆိုပါ သမိုင်းဝင်သကျမုနိစေတီတော်မြတ်ကြီးတွင် တပို့တွဲလဆန်း(၁၁)ရက်နေ့ နံနက်ပိုင်း တွင် ဘုရားအမှူးထားသော သံဃာတော်အရှင်သူမြတ်များအား စိန်ဖူးတော်လှူခြင်း၊ ငှက်မြတ်နားတော်လှူခြင်း၊ ရွှေဆေးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင်ခြင်းများကို မတည် အလှူရှင် ဦးကျော်ရှင်၊ ဒေါ်မြရွှေတို့အားရည်စူးပြီး ဒုံးမြင်း(ဆန်ရောင်းဝယ်ရေး) မိသားစုနှင့် စုပေါင်းအလှူရှင်များက ဗုဒ္ဓပူဇနိယပွဲတော်၊  ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းနှင့် လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေသွားမည်ဖြစ်ကြောင်း မဟာသကျမုနိစေတီတော် မြတ်ကြီး၏ ဘုရားအကျိုးတော်ဆောင် ဂေါပကတစ်ဦးထံက  သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment