Pages

Pages

မိုင်းယန်းမြို့၌ နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြော


MNP    -   ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အတွေးအခေါ်အယူအဆများ ထက်မြက်မြင့်မားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့မွန်းလွဲ ၁ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့် အကျိုးကျေးဇူးများနှင့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဥပမာ၊ သာဓကများနှင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ထွန်းထွန်းထူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment