Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး




MNP  -  ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေဇားကျေးရွာအုပ်စု ၊ ဂုံးနားကျေးရွာ နှင့် ကညင်တန်းရပ်ကွက် ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ် ဦးစီး ဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့  နံနက် ၉ နာရီ အချိန် က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်လှိုင် နှင့် မြို့နယ် မီးသတ် စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးညီညီနိုင် တို့ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရွှေဇားကျေးရွာ အုပ်စု ၊ ဂုံးနားကျေးရွာ နှင့် ကညင်တန်းရပ်ကွက် ရနေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထု များ အနေဖြင့် မြို့နယ် အတွင်း မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိ စေရေးအတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် မီးသတ် ဆေး ဘူး၊ မီးသတ် ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ် ကြောင်း ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြား ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment