Pages

Pages

ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ်







MNP   -  ဇန်နဝါရီ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက အဆိုပါပင်လယ်ကမ်းခြေတ‌လျောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အဆိုပါပူးပေါင်း အဖွဲ့တို့သည် အဖွဲ့များခွဲကာ မိမိတို့သတ်မှတ်နေရာများရှိ အမှိုက်များနှင့် ပင်လယ်ကမ်းခြေတလျှောက်ရှိ ဒီရေတက်ချိန်တွင်ပါလာပြီး ကမ်းခြေတွင်တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များအား  အမှိုက်အိတ်များထဲသို့ စနစ်တကျထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့် ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment