Pages

Pages

ငပလီမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ




MNP  -  ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ငပလီမြို့၌ Grade-5 ကျောင်းသား/သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာမူလတန်းကျောင်း(ငပလီ)၌ စုရပ်ထားကာ ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် အမက(မူလွန်)ဇီးဖြူကုန်းနှင့် ငပလီ ၊ မဇင် ၊ မှိုဟင်းပြင်၊ စပါးကြီး ၊ဂေါ့ စသည့်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ Grade-5 ကျောင်းသား ၊ ကျောင်းသူ(၅၂)သို့ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။


ကိုဗစ်-၁၉ ‌ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် မြို့အုပ်ချုပ်ရေး မှူးနှင့်ဌာနဆိုင်ရာများ ၊ ကျောင်းအုပ်ဆရာကြီးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment