Pages

Pages

ရှမ်းရွာသစ်မြို့တွင် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်း နှစ်ဆုံးစာမေးပွဲဖြေဆို




MNP  -   ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရာ ယမန်နေ့တွင် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်း နှစ်ဆုံးစာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါ ဓမ္မစကူးလ်သင်တန်းတွင် အတန်းလိုက် သင်ခန်းစာစာအုပ်များကို ကလေးများ၏ ဉာဏ်ရည် အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများ ပျော်ရွှင်၍ ဉာဏ် ရည်ထက်မြက်လာစေမှာဖြစ်ကြောင်း၊ တစ်ပတ်မှာတစ်ရက်၊ တစ်ရက်မှာတစ် မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတားမဖြစ်စေသည့်အပြင် ကိုယ်ရောစိတ် ပါပြုပြင်ထားသော လူငယ်လေးများ ဖြစ်လာရန် ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့် လူမျိုးသာသနာကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြရန်အတွက် ကလေးငယ်များ တက်ရောက်ရန် လိုအပ်ကြောင်း ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၉၆)ဦး တက်ရောက်ပြီး ဒုတိယတန်းမှစ၍ ဖြေဆိုသူ(၄၁)ဦးရှိကြောင်း၊  အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဆုရရှိသော ကလေးငယ်များကိုလည်း ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးပြီး ဗလာမပါ ကံစမ်းမဲများကိုလည်း ဖောက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment