Pages

Pages

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်


MNP  -   ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရသလမ်းဆုံ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ အောင်ပိုင်က ကိုယ်တိုင်ရေးသားပြီး ၁၉၉၁ ခုနှစ် မြားနတ်မောင် မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော လောကဓံမျက်လှည့် ဝတ္ထုတိုကို ဖတ်ကြားဆွေးနွေးရာ စာရေးဆရာဆူးဖြူက ဝတ္ထုတိုတွင် သုတရသ စုံလင်စွာ ခံစားသိရှိရပါရှိကြောင်း  ဆွေးနွေးပြီး  တက်ရောက်လာကြသော  စာရေးဆရာ အလင်းချို(သာစည်)၊  စာရေးဆရာဝေးရင့်သီ၊  စာရေးဆရာခန့်စစ်အောင်၊     စာရေးဆရာငုပန်း (တောင်သာ)နှင့် စာပေဝါသနာရှင်များက ဝတ္ထုတိုနှင့် ပတ်သက်ပြီး မိမိတို့ ခံစားမှုအတွေးအမြင်များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာ ဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအား မျှဝေပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှ စာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။             


 https://t.me/MyanmarNationalPost

No comments:

Post a Comment