မနေ့က ဖြစ်သည် (အပိုင်း - ၇) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မနေ့က ဖြစ်သည် (အပိုင်း - ၇)



နေ့စဉ်နေ့တိုင်း ရေးမယ်လို့ စဉ်းစားထားပေမယ့် မရေးဖြစ်ပါဘူး။ ဒီရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာတွေမှာ ဖြစ်နေတာက သီတဂူဗုဒ္ဓတက္ကသိုလ်ဆင်း ဆရာတော်တစ်ပါးကို လုပ်ကြံသတ်ဖြတ်ပြီး ဝမ်းသာအားရ ဂုဏ်ယူနေကြတယ်။ တဆက်တည်းမှာပဲ သီတဂူဆရာတော်ဘုရားကြီးကို ပစ်မှတ်ထားပြီး ပုံစံမျိုးစုံနဲ့ လုပ်ကြံဖန်တီး စော်ကားလာကြတယ်။

ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားတာတွေကို နီပိန်းတွေကလည်း ဝမ်းသာအားရ အားပေးကြတာ မြင်တွေ့ရပါတယ်။ ပုဂ္ဂိုလ်ရေးအစွန်းရောက် ကိုးကွယ်မှုနဲ့ နောက်ဆက်တွဲ ဂျင်းများလို့ ခေါင်းစဉ်တပ်ရမလိုတောင် ဖြစ်လာပါတယ်။

ပြည်ဖျက်မီဒီယာအုပ်စုထဲမှာ အယုတ်ကန်းဆုံးဖြစ်လာတာက Khit Thit Media က သာလွန်ဇောင်းထက် နဲ့ Mynamar Now က ဆွေဝင်း တို့ပဲ ဖြစ်ပါတယ်။

ဆွေဝင်း က မဆီမဆိုင် သီတဂူကျဆုံးခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုလို့တောင် ခေါင်းစဉ်တပ်ပြီး ဂျင်းထည့်တယ်။ တချိန်တည်းမှာပဲ Khit Thit Media က သာလွန်ဇောင်းထက် က မဘသ နဲ့ အမျိုးသားရေးလှုပ်ရှားမှုများကို လုပ်ကြံဖန်တီး စော်ကားရေးသားတယ်။

ဒီခွေးသူတောင်းစားတွေ ဘာကြောင့် ဒီလိုတွေ လုပ်ကြံဖန်တီးပြီး ရေးသားနေကြသလဲ ဆိုတာကို မစဉ်းစား မဆင်ခြင်ဘဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြတဲ့ နီပိန်း နီပိတ်တွေကို သနားမိတာပါ။ 

နီပိန်းတွေရဲ့ ဘိုးအေကြီး ဆရာမောင်ဝံသ ရှိရင်တော့ဖြင့် ပြောချင်လွန်းလို့ ဆိုပြီး ခေါင်းစဉ်တပ် ရေးလေမလားပဲ။ စာနယ်ဇင်းလောကမှာတော့ ဆရာမောင်ဝံသ တို့ရဲ့ အရှိန်အဝါဟာ ကြီးမားလှပါတယ်။ အခု ပြည်ဖျက်မီဒီယာအဖြစ် ရပ်တည်နေကြသူတွေလည်း ဆရာမောင်ဝံသ နဲ့ ကင်းကွာလှတဲ့ သူတွေ မဟုတ်ပါဘူး။

ပြောပါရစေဗျာ -

BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့ဟာ NLD ကို ဝန်းရံနေကြတာလား။ NLD ကို ခုတုံးလုပ်ပြီး လူမျိုးလိမ်အရေး ကြိုးပမ်းဆောင်ရွက်ပေးနေကြတာလား။ နီပိန်းတွေ စဉ်းစားမိပါသလား။ နီပိန်းတွေက မစဉ်းစားပါဘူး။ ဂျင်းမိနေသူတွေ၊ မှိုင်းမိနေသူတွေမှာ စဉ်းစားဆင်ခြင်ရကောင်းမှန်း မသိကြတော့ပါဘူး။

NLD ကို ဝန်းရံတာ၊ NLD ကို အာဏာပြန်လည်ရရှိစေတာ ဆိုရင် အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်တဲ့ အလုပ်တွေ လုပ်ပါ့မလား။ ပြည်သူတွေ ယုံကြည်အားကိုးတဲ့ ပါတီကြီးတစ်ခုကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်အောင် တွန်းပို့ခဲ့ကြတာ NLD ကို ဝန်းရံသူတွေလား၊ ဖျက်ဆီးသူတွေလား။

နောက်တစ်ချက် NLD ပါတီအာဏာပြန်လည်ရရှိရေး နွေးဦးတော်လှန်ရေးဟာ လူမျိုးလိမ်အရေးနဲ့ ဘာဆိုင်လို့လဲ။ ဘာမှ မဆိုင်ဘဲ စွဲသွင်းလာတာကိုလည်း နီပိန်းတွေ မစဉ်းစားဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ထိုင်းနိုင်ငံထဲမှာ အခြေချပြီး လူ့အခွင့်အရေးခေါင်းစဉ်နဲ့ လုပ်စားနေတဲ့ အောင်မျိုးမင်း၊ အထက်ဖော်ပြပါ မီဒီယာတွေဟာ ဘင်္ဂလီကို လူမျိုးလိမ်နာမည်သုံးပြီး တိုင်းရင်းသားစာရင်းဝင်အောင် ကြိုးပမ်းတဲ့ လှုပ်ရှားမှုကို အိုအိုင်စီအဖွဲ့ထံက ငွေယူပြီး လုပ်စားနေကြတာ။ အခု နွေရူးတော်လှန်ရေး ဝရမ်းပြေး NUG အစိုးရ ဖြစ်လာတော့ မဆီမဆိုင် အောင်မျိုးမင်း က NUG က လူ့အခွင့်အရေးဝန်ကြီးတဲ့။ ဖော်ပြပါမီဒီယာတွေကလည်း မဆီမဆိုင် NUG အနေနဲ့ လူမျိုးလိမ်တွေ အရေးကို ဘယ်လိုထည့်သွင်းစဉ်းစားသွားမလဲ ဆိုတာကို အောင်မျိုးမင်းနဲ့ တွေ့တိုင်းမေးတယ်။ အောင်မျိုးမင်း နဲ့ ပြည်ဖျက်မီဒီယာတွေက အစောကြီးကတည်းက ပုလင်းတူ ဗူးစို့ လက်ဝါးချင်းရိုက် လုပ်စားနေတာဆိုတော့ ငွေကြေးပံ့ပိုးထားတဲ့ အိုအိုင်စီအကြိုက် တိုင်းရင်းသားစာရင်းထဲတောင် စွဲထည့်ပြီး ပြောနေသေးတယ်။ 

ပြည်သူ ပြည်သူ လို့ ပါးစပ်ဖျားက မချပြောပြီး တိုင်းပြည်ကို ရောင်းစားနေတဲ့ ကောင်တွေကိုမှ ယုံစားတယ်ဆိုတဲ့ နီပိန်း ပြည်သူလူထုကြီးကိုလည်း စဉ်းစားဆင်ခြင် ကြပါအုံးလို့ အသိပေးချင်တာပါဗျာ။

NLD ကို အစစ်အမှန် ဝန်းရံပံ့ပိုးတာဆိုရင်ဖြင့်ဗျာ - 

NLD နာယကကြီး ဦးတင်ဦး က ရိုဟင်ဂျာဆိုတာ မရှိကြောင်း၊ မူဂျာဟစ်ဒင်စစ်ဆင်ရေး သူကိုယ်တိုင် သွားရောက်ဆောင်ရွက်ခဲ့ရပုံကို ရှင်းလင်းပြောဆိုခဲ့ပြီးပြီပဲ။ NLD ကို ဝန်းရံပါတယ်ဆိုတဲ့ ပြည်ဖျက်မီဒီယာတွေက NLD နာယကကြီး တစ်ယောက်ရဲ့ စကားကို အလေးမထားဘဲ အချိန်နဲ့အမျှ လူမျိုးလိမ်နာမည်ကို တွင်တွင်ဖော်ပြပြီး လုပ်စားနေကြတယ်။

CRPH, NUG က PDF နွားလေးတွေကို မြို့နယ်အလိုက် လုပ်ကြံသတ်ဖြတ်ရမယ့် စာရင်းထုတ်ပေးပြီး ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခိုင်းနေသလိုပါပဲ။ အိုအိုင်စီနဲ့ အနောက်အုပ်စုက စာရင်းထုတ်ပေးထားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့ကလည်း လုပ်ကြံဖန်တီးပြီး တိုက်ခိုက်စော်ကားနေကြတာပါဗျာ။

အဲဒီကောင်တွေ အိုအိုင်စီအဖွဲ့ ဆီက ပိုက်ဆံယူမထားဘူး။ အိုအိုင်စီ အဖွဲ့ရဲ့ ခိုင်းစေချက်ကြောင့် မဟုတ်ဘဲ အခုလို ဆီလိုပေါက်ရှာပြီး စော်ကားရေးသားပါ့မလားဗျာ။ 

သစ္စာဆိုပြီးတော့တောင် ပြောရဲပါတယ်။ ကျုပ်လည်း ဒီအချိန်မှာ မီဒီယာအနေနဲ့ ရပ်တည်နေသူတစ်ယောက်ပါ။ ကျုပ်တို့က မဟုတ်မမှန် လုပ်ကြံရေးသားပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတာဆိုရင် စားတဲ့ အစာ အဆိပ်ဖြစ်ပါစေ၊ ချက်ချင်း လက်ငင်း အသေးဆိုးနဲ့ သေပါစေ၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အတိဒုက္ခရောက်ပါစေ။ 

BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့က အနောက်အုပ်စုနဲ့ အိုအိုင်စီ ရဲ့ ပေးစာကမ်းစာ စားပြီး အများပြည်သူ ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ထိုးနှက် တိုက်ခိုက်နေတာဆိုရင် စားတဲ့အစာ အဆိပ်ဖြစ်ပါစေ၊ ချက်ချင်းလက်ငင်း အသေဆိုးနဲ့ သေပါစေ၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အတိဒုက္ခရောက်ပါစေ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)