Pages

Pages

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း(တွဲရွှေ့) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ



MNP  -  ဇန်နဝါရီ   ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း(တွဲရွှေ့)အမှတ်စဉ် (၃၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသူများအားဆုများ အသီးသီးပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ထို့နောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်က သင်တန်း ဆင်း လက်မှတ်များအား သင်တန်းသားသင်တန်းသူများအား ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment