Pages

Pages

ရေနံချောင်းမြို့နယ် အားကစားခန်းမ၌ အခြေခံအလေးမ နည်းစနစ်သင်တန်း ဖွင့်လှစ်




MNP  -  ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကာ အခြေခံအလေးမနည်းစနစ်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ရေနံချောင်းမြို့နယ် ပြည်သူ့အားကစားခန်းမ၌ ဖွင့်လှစ်သည်။


သင်တန်းတွင် မကွေးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဦးထွန်းထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအား အလေးမဝတ်စုံများ ပေးအပ်ခဲ့ကြသည်။


အဆိုပါသင်တန်းကို ယမန်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်၊ မကွေးခရိုင် အလေးမဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်နုနှင့် သင်တန်းနည်းပြဆရာများ၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment